Strategy First International College
Thadingyut · Festival of Lights သီတင်းကျွတ် မီးထွန်းပွဲတော်

Tap any candle or lantern to read the message inside

Made by Strategy First IT Team · For internal use

သီတင်းကျွတ် မီးထွန်းပွဲတော်

Thadingyut Festival of Lights

သီတင်းကျွတ်လပြည့်အခါသမယမှာ မြန်မာပြည်တစ်ဝန်း မီးထွန်းပွဲတော်နဲ့အတူ ဝါတွင်းကာလ ပြီးဆုံးခြင်းကို ဆီမီးတွေ၊ စက္ကူမီးပုံးလေးတွေ ထွန်းညှိပြီး ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။ ဒါ့အပြင် ဒီပွဲတော်မှာ ကျွန်တော်တို့ကို အမြဲလမ်းပြစောင့်ရှောက်ပြီး ကူညီပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပူဇော်ကန်တော့ကြပါတယ်။

စာအိတ်လေးတစ်အိတ်ကို ရွေးချယ်ပြီး ဆုတောင်းလွှာလေး ရေးလိုက်ပါ။ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာ၊ ဆရာမတွေ၊ အတန်းဖော်တွေကို ကျေးဇူးတင်ကြောင်း စာလေးပဲဖြစ်ဖြစ်၊ ချစ်စရာကောင်းတဲ့ လျှို့ဝှက်ချက်လေးတွေကိုပဲဖြစ်ဖြစ် ရေးသားပြီး ရေပြင်ထက်မှာ မီးဖောင်မျှောမလား၊ ကောင်းကင်ယံထက်မှာ မီးပုံးပျံလေး လွှတ်တင်မလား ပြုလုပ်နိုင်ပါတယ်။

သင့်ရဲ့ အနာဂတ်နဲ့ လိုအင်ဆန္ဒတွေ အားလုံး အဆင်ပြေချောမောပြီး ပျော်ရွှင်စရာ မီးထွန်းပွဲတော်လေး ဖြစ်ပါစေကြောင်း IT Team မှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်တို့အားလုံး ပါဝင်ဆင်နွှဲကြလေလေ၊ ဒီသီတင်းကျွတ်ညလေးဟာ ပိုမိုလင်းလက်တောက်ပလာလေလေ ဖြစ်မှာပါ။

Made by Strategy First IT Team · For Strategy First International College